အတွေးမှတ်စုများ (၂၇)  

Posted by SLIP in ,



  1. စာအုပ်ကို မီးရှို့ခြင်းထက် ပိုဆိုးတဲ့ အပြစ်က စာမဖတ်ခြင်းပဲ။
    There are worse crimes than burning books. One of them is not reading them.― Joseph Brodsky



  2. ယဉ်ကျေးမှု့တခုကို ဖျက်ဆီးချင်ရင် စာအုပ်တွေကို မီးရှို့ဖို့မလိုဘူး။ လူတွေကို စာမဖတ်ချင်အောင်ပဲ လုပ်လိုက်။
    You don't have to burn books to destroy a culture. Just get people to stop reading them. ― Ray Bradbury



  3. ဘယ်လောက်အလုပ်များပါစေ စာဖတ်ဖို့ အချိန်ပေးပါ။ ဒါမှမဟုတ်ရင်တော့ ဗဟုသုတ ဆင်းရဲမှုကြောင့် သင် ကျဆုံးသွားလိမ့်မည်။
    No matter how busy you may think you are, you must find time for reading, or surrender yourself to self-chosen ignorance.”― Confucius




  4. ဒီနေ့စာဖတ်သမား၊ မနက်ဖြန်ခေါင်းဆောင်။
    Today a reader, tomorrow a leader. ― Margaret Fuller



  5. နောက်ဆုံးစာမျက်နှာကို လှန်လိုက်လို့ စာအုပ်ကောင်းတအုပ်ကို ဖတ်ပြီးသွားပြီလို့ သိလိုက်ချိန်မှာ သူငယ်ချင်းတစ်ယောာက် ဆုံးရှုံးသွား သလိုမျိုး သင် ခံစားမိလိမ့်မယ်။
    You know you've read a good book when you turn the last page and feel a little as if you have lost a friend.― Paul Sweeney



  6. ကလေးတစ်ယောက်လို ကိုယ့်ပျော်ရွှင်မှု့အတွက် (သို့) အောင်မြင်ကျော်ကြားလိုမှု့အတွက် (သို့) အမိန့်ပေး ညွှန်ကြားဖို့အတွက် စာ မဖတ်ပါနှင့်။ အသက်ရှင်နေထိုင်ဖို့အတွက် စာဖတ်ပါ။
    Do not read, as children do, to amuse yourself, or like the ambitious, for the purpose of instruction. No, read in order to live.― Gustave Flaubert



  7. ကျွန်ုပ်တို့ အထီးကျန်မဖြစ်နေဘူးဆိုတာ သိဖို့ ကျွန်ုပ်တို့ စာတွေဖတ်နေကြတယ်..။
    We read to know that we are not alone. ― C.S. Lewis



  8. လူအချို့က ရုပ်မြင်သံကြားကလာတဲ့ ပညာရပ်တွေကိုသာ ကြည့်နေတတ်ကြတယ်။ ကျွန်ုပ် ကတော့ တခြားအခန်းကိုသွားပြီး စာတစ်အုပ် ဖတ်လိမ့်မယ်။
    I find television very educating. Every time somebody turns on the set, I go into the other room and read a book. ― Groucho Marx



  9. စာများများ ဖတ်လျှင် များများ ပိုသိလာမည်။ များများလေ့လာဖို့အတွက် နေရာများများ သွားဖြစ်လာမည်။
    The more that you read, the more things you will know. The more that you learn, the more places you'll go. ― Dr. Seuss, I Can Read With My Eyes Shut!



  10. မင်းဟာ ငါ့အတွက် လက်ဖက်ရည် ကြီးကြီးတခွက် (သို့မဟုတ်) မဆုံးနိုင်ရှည်လျားတဲ့ စာအုပ်တအုပ် တော့ ဘယ်တော့ ရှာပေးနိုင်မှာ မဟုတ်ဘူး။
    You can never get a cup of tea large enough or a book long enough to suit me. ― C.S. Lewis



  11. "ဂန္တဝင်စာပေ" ဆိုသည်မှာ လူတွေရဲ့ချီးမွမ်းခြင်းအကြောင်းတွေ လို့ သတ်မှတ်ကာ သာခံရပြီး မဖတ်ကြသည့် စာအုပ်မျိုးကို ခေါ်သည်။
    'Classic' - a book which people praise and don't read.― Mark Twain



  12. စာရေးသူကိုယ်တိုင် ငိုပြီး မရေးလျှင် စာဖတ်သူလဲ ငိုမှာ မဟုတ်ပါ ။ စာရေးသူကိုယ်တိုင် မအံ့သြရင် စာဖတ်သူအတွက်လည်း အံ့သြောစရာ မဟုတ်နိုင်။
    No tears in the writer, no tears in the reader. No surprise in the writer, no surprise in the reader. ― Robert Frost



  13. စာအုပ်များသည် လေယဉ်ပျံ (သို့) မီးရထား (သို့) လမ်း နှင့်တူသည်။ သူတို့သည် ရွှေ့လျှားနေကြသည်၊ ခရီးသွားနေကြသည်။ သို့သော် အိမ်ထဲတွင် အားလုံးရှိသည်။
    Books are the plane, and the train, and the road. They are the destination, and the journey. They are home. ― Anna Quindlen, How Reading Changed My Life



  14. စာကြည့်တိုက်ကောင်းတခုဆိုတာ ဘယ်တော့မှ သပ်ရပ်မနေသလို ဖုံလည်း ထူမနေဘူး။ အဘယ့်ကြောင့်ဆိုသော် စင်ပေါ်က စာအုပ်တွေကို ယူပြီး ညဥ့်နက်ထိ စာဖတ်တဲ့သူ တယောက်ယောက် အမြဲရှိနေတတ်လို့ပဲ။
    A good library will never be too neat, or too dusty, because somebody will always be in it, taking books off the shelves and staying up late reading them. ― Lemony Snicket, Horseradish: Bitter Truths You Can't Avoid



  15. စာဖတ်ဖို့အချိန် မရှိဘူး၊ စာရေးဖို့ အချိန်မရှိဘူးလို့ သင့်ကိုယ်သင့် ထင်နေသမျှ သင်ဟာ သာမန်လူသာတစ်ယောက်သာ ဖြစ်နေအုံးမှာပဲ။
    If you don't have time to read, you don't have the time (or the tools) to write. Simple as that. ― Stephen King



ခေါင်းဆောင်တို့၏ ကျင့်စဉ်  

Posted by SLIP in ,









နိုင်ငံရေး၊ နိုင်ငံတကာရေးရာ နှင့် ယနေ့ တပ်မတော်  

Posted by SLIP in


"ယနေ့မှစပြီး တပ်မတော်ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင် ကြမယ့် ရဲဘော်တို့ဟာ နောင်တစ်ချိန်မှာ နိုင်ငံတော်တာဝန်နှင့် တပ်မတ်ာတာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြရမှာ ဖြစ်တယ်။

ရဲဘော်တို့ဟာ စစ်ရေးအမြင်တစ်ခုတည်းရှိနေရုံဖြင့် မလုံလောက်တော့ဘူး။ စစ်ရေးဆိုတာ နိုင်ငံရေးနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်နေသကဲ့သို့ နိုင်ငံရေး ဆိုတာကလဲ စီးပွားရေးနှင့် အပြန်အလှန် မှီတည်လျှက် ရှိနေတယ်။

ယနေ့ဆင်နွှဲနေသော ခေတ်သစ်စစ်ပွဲများဟာ လက်နက်ကိုင်တိုက်ခိုက်တဲ့ စစ်ရေးသက်သက်မဟုတ်တော့ဘဲ Multi Dimensional Warfare ဆိုတဲ့ ဘက်စုံစစ်ပွဲအသွင်ဖြင့် ဆင်နွှဲနေသကဲ့သို့ စစ်ရေးမဟုတ်သော စိမ့်ဝင်မှုများဖြင့်လည်း စိမ့်ဝင်တိုက်ခိုက်နေတာကို တွေ့မြင်လာရတယ်။

ဒါ့ကြောင့် ရဲဘော်တို့ဟာ စစ်ရေးအမြင်သာမက နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင် နှင့် နိုင်ငံတကာရေးရာ အမြင်များဖြင့်ပါ ပြည့်စုံနေအောင် အမြဲကြိုးစား ဆောင်ရွက်ဖို့လိုအပ်တယ်။

အဲဒီလို ပြည့်စုံနေမှလည်း နောင်တစ်ခေတ်၏ အောင်စစ်သည်ဆိုသည့် စစ်တက္ကသိုလ်၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်မှ အားထားရသော လက်ရုံးရည်၊ နှလုံးရည် နှင့် ပြည့်စုံသည့် ခေါင်းဆောင်များ ဖြစ်လာမှာ ဖြစ်တယ်။"

«တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ၀၉-၁၂-၂၀၁၁ ရက်နေ့ မိန့်ခွန်းမှ ကောက်နှုတ်ချက်»



ဘဝတွင် ရှင်သန်ရပ်တည်နိုင်ရေး သင်ခန်းစာ (၅) ခု  

Posted by SLIP in


  1. သင်ခန်းစာ (၁)

    ကျွန်တော်လမ်းတစ်ခုအတိုင်း ဆင်းလာတယ်
    အဲဒီလမ်းပေါ်မှာ လူကျနိင်တဲ့အပေါက်အပေါက်တစ်ပေါက် ရှိနေတယ်
    ကျွန်တော်ပြုတ်ကျသွားတယ်
    ကျွန်တော်ကျရှုံးသွားတယ်
    ကျွန်တော့်ကို ကူညီမယ့်သူမရှိဘူး
    ဒါကျွန်တော့အမှားမဟုတ်ဘူး
    ပြန်ထွက်နိုင်ဖို့တော့ အချိန်အတော်ကြာလိမ့်မယ်....။


    Chapter 1

    I walk down the street. There is a man hole in the street.
    I FALL IN ......!!! I am lost ....! I am helpless. It isn't my fault!!! It takes forever to get out.


  2. သင်ခန်းစာ (၂)

    ကျွန်တော် အရင်လမ်းအတိုင်း ဆင်းလာတယ်
    လမ်းပေါ်မှာ လူကျနိင်တဲ့အပေါက်အပေါက်တစ်ပေါက် ရှိနေတယ်
    ကျွန်တော်မမြင်ချင်ယောင်ဆောင်လိုက်တယ်
    ကျွန်တော်ပြုတ်ကျပြန်ပြီ
    မယုံနိုင်လောက်အောင်ပဲ.. အရင်နေရာမှာ အရင်အတိုင်းပဲ ပြုတ်ကျတယ်
    ဒါပေမယ် ဒါကျွန်တော့အမှားမဟုတ်ဘူး
    ပြန်ထွက်နိုင်ဖို့တော့ အချိန်အတော်ကြာလိမ့်ဦးမယ်....။


    Chapter 2

    I walk down the same street. There is a man hole in the street. I pretend I don't see it.
    I FALL IN AGAIN ......!!! I can't believe I am in the same place. But, it isn't my fault. It still takes forever to get out.


  3. သင်ခန်းစာ (၃)

    ကျွန်တော် အရင်လမ်းအတိုင်းပဲ ဆင်းလာတယ်
    လမ်းပေါ်မှာ လူကျနိင်တဲ့အပေါက်အပေါက်တစ်ပေါက် ရှိနေတယ်
    အဲဒါကို ကျွန်တော်မြင်လိုက်တယ်
    ကျွန်တော်ပြုတ်ကျတယ်
    ဒါက ကျွန်တော့အတွက် အလေ့အထဖြစ်နေပြီ
    ကျွန်တော့်မျက်လုံးတွေဖွင့်လိုက်တယ်
    ကျွန်တော်ဘယ်ရောက်နေလဲဆိုတာ ကျွန်တော်သိတယ်
    ဒါကျွန်တော့အမှားပဲ
    ကျွန်တော် ချက်ချင်း ပြန်ထွက်ခဲ့တယ်...။


    Chapter 3

    I walk down the same street. There is a man hole in the street. I see it is there.
    I FALL IN ...... It's a habit !!! My eyes are open. I know where I am .....! It is my fault. I get out immediately.


  4. သင်ခန်းစာ (၄)

    ကျွန်တော် ဒီလမ်းအတိုင်းပဲ ဆင်းလာတယ်
    လမ်းပေါ်မှာ လူကျနိင်တဲ့အပေါက်တစ်ပေါက် ရှိနေတယ်
    ကျွန်တော်ဘေးကနေ ပတ်သွားလိုက်တယ်....။


    Chapter 4

    I walk down the same street. There is a man hole in the street. I walk around it.


  5. သင်ခန်းစာ (၅)

    ကျွန်တော် တခြားလမ်းကို ပြောင်းပြီးလျှောက်နေပါပြီ။


    Chapter 5

    I walk down a different street.



    video



ငါးရာ့ငါးဆယ်နိပါတ်တော်များ  

Posted by SLIP in


1ငါးရာ့ငါးဆယ်နိပါတ်တော်များ အမှတ် (၁) - ဦးလှခင်
3.0 MB
2ငါးရာ့ငါးဆယ်နိပါတ်တော်များ အမှတ် (၂) - ဦးလှခင်3.1 MB
3ငါးရာ့ငါးဆယ်နိပါတ်တော်များ အမှတ် (၃) - ဦးလှခင်2.8 MB
4ငါးရာ့ငါးဆယ်နိပါတ်တော်များ အမှတ် (၄) - ဦးလှခင်3.5 MB
5ငါးရာ့ငါးဆယ်နိပါတ်တော်များ အမှတ် (၅) - ဦးလှခင်3.0 MB
6ငါးရာ့ငါးဆယ်နိပါတ်တော်များ အမှတ် (၆) - ဦးလှခင်3.4 MB
7ငါးရာ့ငါးဆယ်နိပါတ်တော်များ အမှတ် (၇) - ဦးလှခင်3.1 MB
8ငါးရာ့ငါးဆယ်နိပါတ်တော်များ အမှတ် (၈) - ဦးလှခင်2.8 MB
9ငါးရာ့ငါးဆယ်နိပါတ်တော်များ အမှတ် (၉) - ဦးလှခင်3.3 MB



Pololu 3pi Robot (Myanmar Version)  

Posted by SLIP in



အတွေးမှတ်စုများ (၂၆)  

Posted by SLIP in




  1. မွေးနေ့တနေ့သည် နေကို တစ်ပါတ် ပတ်သည့် ခရီးစဉ် ၃၆၅ ရက်၏ ပထမဆုံးနေ့ တစ်နေ့ဖြစ်သည်။ ခရီးစဉ်လေးမှာ သင့်အား ပျော်ရွှင်ပါစေ ။
    A birthday is just the first day of another 365-day journey around the sun. Enjoy the trip.


  2. သင်၏ မွေးနေ့ဆိုသည်မှာ လောကကြီးအတွက် သင် ပေးလိုက်သည့် အချိန်လက်ဆောင် ပင်ဖြစ်သည်။
    Your birthday is a special time to celebrate the gift of 'you' to the world.


  3. ကျွန်ုပ်တို့၏ မွေးနေ့များသည် ကျယ်ပြန့်လှသော အတောင်ပံကြီးထဲမှ အမွှေးတောင်လေးများ ဖြစ်သည်။
    Our birthdays are feathers in the broad wing of time.


  4. ကိတ်မုန့်ဖိုးထက် ဖယောင်းတိုင် ဖိုးက ပိုကုန်ပြီဆိုလျှင် သင် အိုလာပြီဆိုတာကို သိတော့။
    You know you are getting old when the candles cost more than the cake. (Bob Hope)



  5. သင်ပိုအိုလာခြင်း မဟုတ်။ သင်ပိုတော်လာခြင်းသာဖြစ်သည်။
    You're not getting older, you're getting better.


  6. အစဉ်နုပျိုနေခြင်း၏ လျှို့ဝှက်ချက် = ရိုးရိုးကျင့်၊ ဖြည်းဖြည်းစား၊ အသက်ကို လိမ်ညာပြော။
    The secret to staying young is to live honestly, eat slowly, and lie about your age. (Lucille Ball)


  7. မည့်သည့် ပညာရှိ တဦးတယောက်ကမှ အသက်ပိုမငယ်ချင်ကြ။
    No wise man ever wished to be younger. (Jonathan Swift)


  8. အသက် ၄၀ ဆိုတာ လူငယ်ဘဝရဲ့ကြီးရင့်ချိန်။ အသက် ၅၀ ဆိုတာ လူကြီးဘဝရဲ့ နုပျိုချိန်။
    Forty is the old age of youth, fifty is the youth of old age. (Hosea Ballou)



  9. အသက်အရွယ်ဆိုသည်မှာ သင်ဘယ်လောက် တန်ဖိုး ရှိသလဲဆိုသည်ကို တိုင်းတာ ဆုံးဖြတ်သည့် အရာ တစ်ခု ဖြစ်သည်။
    Age is how we determine how valuable you are. (Jane Elliot)


  10. အသက်ကြီးလေ အဖိုးတန်လေပါပဲ။
    Old is gold.


  11. အသက်အရွယ်ဆိုသည်မှာ ရင်ကျင့်မှု့အတွက် ပေးဆပ်လိုက်ရသည့် အလွန်တန်ဖိုးကြီးသည့် အရာပင် ဖြစ်သည်။
    Age is a very high price to pay for maturity. (Tom Stoppard)


  12. လူကြီးများသည် ယုံလွန်းကြ၏၊ လူလတ်တို့သည် အရာရာကို သံသယဖြစ်တတ်ကြ၏၊ လူငယ်များက အရာရာကို ပိုသိမြင်တတ်ကြ၏။
    The old believe everything; the middle aged suspect everything: the young know everything.(Oscar Wilde)


  13. လူကြီးတို့သည် စဉ်းစားကြ၏။ လူငယ်များသည် စွန်.စားကြ၏။
    Age considers; youth ventures. (Rabindranath Tagore)


  14. ရင့်ကျက်မှု့ ဆိုသည်မှာ သင်ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံနှင့် ယင်းအတွေ့အကြုံမှ ဘာတွေ သင်ယူရရှိခဲ့တယ်ဆိုတာတွေနှင့် သက်ဆိုင်သည်။ မွေးနေ့ဘယ်နှစ်ကြိမ် ဖြတ်ကျော်ခဲ့ပြီးပြီ ဆိုတာနဲ.တော့ အနည်းငယ်လောက်သာ သက်ဆိုင်သည်။
    Maturity has more to do with what types of experiences you've had, and what you've learned from them, and less to do with how many birthdays you've celebrated.


  15. အမှန်တကယ် လိမ်မာပါးနပ်သည့် ယောင်္ကျားတယောက် သည် အမျိုးသမီးဦး၏ မွေးနေ.ကို အစဉ် သတိရနေတတ်ပြီး သူမ ၏ အသက်ကို မေ့လျော့ထားတတ်သူဖြစ်သည်။
    A diplomat is a man who always remembers a woman's birthday but never remembers her age. (Robert Frost)


  16. သင်မပြောင်းနိုင်သည့် အတိတ်ကို မေ့လိုက်ပါ။
    သင်ကြိုတင်ခန့်မှန်းလို့မရနိုင်သည့် နာဂါတ်ကိုလည်း မေ့လိုက်ပါ။
    "Forget about the past, you can't change it.
    Forget about the future, you can't predict it.


  17. ဒီနေ့ဆိုတာ မနေ့တုန်းက သင်စိုးရိမ်နေခဲ့တဲ့ မနက်ဖန်ဆိုတာပဲ။
    Today is the yesterday you worried about tomorrow.


  18. အသက်အရွယ် ရလာသည့် လူတယောက်အတွက် တခြားအရာတွေထက် အရေးကြီးသည်မှာ ကျန်းမာရေး နှင့် ငွေကြေးဖြစ်သည်။
    After you're older, two things are possibly more important than any others: health and money.
    (Helen Gurley Brown)


  19. မည်သည့်အသက်အရွယ်ဖြစ်စေ လေ့လာဆည်းပူးခြင်းမရှိတော့သည့် သူတစ်ယာက်သည် အိုမင်းရင့်ရော်သွားပြီး ဆက်လက်လေ့လာ သင်ယူနေသူတိုင်းမှာ နုပျိုနေကြသည်။ ဘဝမှာ အရေးကြီးဆုံးက စိတ် နုပျိုအောင် ထိန်းသိမ်းထားဖို.ပါပဲ။
    Anyone who stops learning is old, whether at twenty or eighty. Anyone who keeps learning stays young. The greatest thing in life is to keep your mind young. (Henry Ford)


  20. မည်သူမျှ ကိန်းဂဏာန်းတွေကို ဖြတ်ကျော်ရုံသက်သက် အသက်ရှင်ကြီးပြင်းလာကြခြင်း မဟုတ်ပါဘူး။ ကျွန်ုပ်တို့၏ အတွေးအခေါ်အယူအဆများကို ချန်ထားခဲ့ရင်း ကြီးပြင်းလာကြတာပါ။ ခုနှစ် သက္ကရာဇ် တို့သည် အရေပြားများကို ရှုံတွစေသည်။ ဤသို့ပင် ကျွန်ုပ်တို့၏ စိတ်ဝင်စားမှု့များကို စွန့်လွှတ်ခြင်းသည် ကျွန်ုပ်တို့၏ စိတ်များကို ရွှုံ့တွစေသည်။
    Nobody grows old merely by living a number of years. We grow old by deserting our ideals. Years may wrinkle the skin, but to give up enthusiasm wrinkles the soul. (Samuel Ullman)


  21. အိုမင်းရင့်ရော်မှု. ( သို.မဟုတ်) ဇရာ ဆိုသည်မှ ရှောင်လွှဲလို.မရပေ။ သို့သော် ရင့်ကျက်မှု.ဆိုသည်ကို သင်ရွေးချယ်နိုင်သည်။
    Growing old is mandatory; growing up is optional. (Chili Davis)


  22. ကျွန်ုပ် အသက်အရွယ် ကြီးလာချိန်တွင် လူတွေ ဘာပြောတယ်ဆိုတာ ထက် သူတို. ဘာလုပ်တယ်ဆိုတာကိုပဲ ပိုအလေးထား စောင့်ကြည့်တော့၏
    As I grow older, I pay less attention to what men say. I just watch what they do. (Andrew Carnegie)


  23. ဇရာဆိုသည်မှာ အခြေအနေပေါ်မှာ ထားရှိသည့် စိတ်ဖြစ်တည်မှု့ဖြစ်သည်။
    Age is an issue of mind over matter. If you don't mind, it doesn't matter. (Mark Twain)


  24. ကျွန်ုပ် ဘယ်တော့မှ အိုသွားမှာ မဟုတ်ပါဘူး။ ကျွန်ုပ်အတွက်တော့ အိုမင်းရင့်ရော်ချိန်ဆိုတာ ကျွန်ုပ်အသက်ထက် အမြဲတမ်း ၁၅ နှစ်ကြီးနေလို့ပါပဲ။
    I will never be an old man. To me, old age is always 15 years older than I am. (Francis Bacon)


  25. အိုမင်းရင့်ရော်လာချိန်တွင် သက်တောင့်သက်သာ နေနိုင်ခြင်းသည် လူငယ်ဘဝကို ကောင်းကောင်း (အကျိုးရှိရှိ) အသုံးပြုခဲ့ခြင်း၏ ရလာဒ်ဖြစ်သည်။
    A comfortable old age is the reward of a well-spent youth. (Maurice Chevalier)


  26. မွေးနေ့ နှစ်တရာတိုင်ပါစေ။ သင် နောက်ဆုံးကြားရမည့် အသံက ကျွန်ုပ်၏အသံဖြစ်ပါရစေ။
    May you live to be 100 and may the last voice you hear be mine. (Frank Sinatra)


  27. အတွေးမှတ်စု (၂၆) ဖြင့် ကျွန်ုပ်၏ ၂၆ နှစ်မြှောက်မွေးနေ့မှသည် လူသားတိုင်း၏ မွေးနေ့တိုင်းအား ဂုဏ်ပြုလျှက်......



The 64th Martyr’s Day  

Posted by SLIP in



မြန်မာ့ စွယ်စုံကျမ်း  

Posted by SLIP in


  1. မြန်မာ့ စွယ်စုံကျမ်း (အတွဲ-၁။အပိုင်း က)

    Scribd (or) MediaFire (or) 4shared


  2. မြန်မာ့ စွယ်စုံကျမ်း (အတွဲ-၁။အပိုင်း ခ)

    Scribd (or) MediaFire (or) 4shared

  3. မြန်မာ့ စွယ်စုံကျမ်း (အတွဲ-၂-အပိုင်း-က)

    Scribd (or) MediaFire (or) 4shared


  4. မြန်မာ့ စွယ်စုံကျမ်း (အတွဲ-၂-အပိုင်း-ခ)

    Scribd (or) MediaFire (or) 4shared


  5. မြန်မာ့ စွယ်စုံကျမ်း (အတွဲ-၃-အပိုင်း-က)

    Scribd (or) MediaFire (or) 4shared


  6. မြန်မာ့ စွယ်စုံကျမ်း (အတွဲ-၃-အပိုင်း-ခ)

    Scribd (or) MediaFire (or) 4shared


  7. မြန်မာ့ စွယ်စုံကျမ်း (အတွဲ-၄-အပိုင်း-က)

    Scribd (or) MediaFire (or) 4shared


  8. မြန်မာ့ စွယ်စုံကျမ်း (အတွဲ-၄-အပိုင်း-ခ)

    Scribd (or) MediaFire (or) 4shared


  9. မြန်မာ့ စွယ်စုံကျမ်း (အတွဲ-၅-အပိုင်း-က)

    Scribd (or) MediaFire (or) 4shared

  10. မြန်မာ့ စွယ်စုံကျမ်း (အတွဲ-၅-အပိုင်း-ခ)

    Scribd (or) MediaFire (or) 4shared


  11. မြန်မာ့ စွယ်စုံကျမ်း (အတွဲ-၅-အပိုင်း-ဂ)

    Scribd (or) MediaFire (or) 4shared


  12. မြန်မာ့ စွယ်စုံကျမ်း (အတွဲ-၆)

    Scribd (or) MediaFire (or) 4shared


  13. မြန်မာ့ စွယ်စုံကျမ်း (အတွဲ-၇)

    Scribd (or) MediaFire (or) 4shared


  14. မြန်မာ့ စွယ်စုံကျမ်း (အတွဲ-၈ အပိုင်း-က)

    Scribd (or) MediaFire (or) 4shared


  15. မြန်မာ့ စွယ်စုံကျမ်း (အတွဲ-၈ အပိုင်း-ခ)

    Scribd (or) MediaFire (or) 4shared


  16. မြန်မာ့ စွယ်စုံကျမ်း (အတွဲ-၉ အပိုင်း-က)

    Scribd (or) MediaFire (or) 4shared

  17. မြန်မာ့ စွယ်စုံကျမ်း (အတွဲ-၉ အပိုင်း-ခ)

    Scribd (or) MediaFire (or) 4shared



Pololu 3pi Robot  

Posted by SLIP in


Pololu 3pi Robot နှင့် AVR Programmer

Pololu 3pi ရိုဘော့ ဆိုသည်မှာ သေးငယ်၍ စွမ်းဆောင်ရည်မြင့်မားသော စက်ရုပ်တစ်ခုဖြစ်သည်။ အထူးသဖြင့် လမ်းကြောင်းတစ်ခုပေါ်တွင် ခြေရာခံရွေ့လျားခြင်း နှင့် ဝင်္ကပါကဲ့သို့ ရှုတ်ထွေးနေသောလမ်းများမှ လမ်းကြောင်းမှန်ကို မှတ်သားအဖြေရှာသည့် ဖြေရှင်းခြင်းများတွင် အလွန်ထူးချွန်သော စက်ရုပ်ဖြစ်သည်။ ၎င်းတွင် မော်တာ ၂ လုံးနှင့် ချိတ်ထားသော ဘီးလုံးနှစ်ခုပါပြီး တစ်စက္ကန့်လျှင် ၁၀၀ စင်တီမီတာ အထိ မောင်းနှင်နိုင်သည်။ robot တွင် အလွန်သေးငယ်သော gearmotors (ဂီယာမော်တာ) နှစ်လုံး၊ sensor (အာရုံခံ ကိရိယာ) ငါးခု ၊ တစ်အကြောင်းလျှင် စာလုံး (၈)လုံး ဖော်ပြနိုင်သော စာကြောင်းနှစ်ကြောင်းဖော်ပြနိုင်သည့် LCD တစ်ခု၊ buzzer (အသံထုတ်ကိရိယာ) တစ်ခု၊ ခလုပ် ၅ ခုနှင့် ISP (သို့) AVR Programmer ဖြင့်ချိတ်ဆက်နိုင်သည့် ကိရိယာများ ပါဝင်သည်။ အရွယ်အားဖြင့် အချင်း ၃.၇ လက်မခန့်ရှိပြီး၊ ဓတ်ခဲမထည့်ထားချိန်တွင် ၈၃ ဂရမ် အလေးချိန် ရှိသည်။


Pololu 3pi Robot အား အပေါ်မှမြင်ရပုံ

Pololu 3pi ရိုဘော့ သည် Atmel ATmega168 (သို့) ATmega328 microcontroller ကိုအခြေခံတည်ဆောက်ထားသည်။ “ATmegaxx8” စီးရီးအားလုံးတွင် 20 MHz ရှိပြီး ATmega168 3pi robots များတွင် flash program memory အတွက် 16 KB နှင့် RAM 1 KB ၊ , persistent EEPROM memory 512 bytes ပါရှိသည်။ ATmega328-based 3pi robots များတွင် flash program memory အတွက် 32 KB, RAM 2 KB နှင့် persistent EEPROM memory 1 KB ပါဝင်သည်။ flash program memory ဆိုသည်မှာ ရိုဘော့ကို ခိုင်းစေသည့် ပရိုဂရမ်များထည့်သွင်းနိုင်သည့်ပမာဏ ဖြစ်သည်။


Pololu 3pi Robot အား အောက်ဘက်မှ မြင်ရပုံ

Program အတွက် C နှင့် C++ ကို အသုံးပြုနိုင်သည်။ ကွန်ပျူတာထဲတွင် ရေးထားသော ပရိုဂရမ်ကို ရိုဘော့အတွင်းထည့်သွင်းရန်အတွက် external AVR ISP programmer တစ်ခု မရှိမဖြစ်လိုအပ်သည်။ အရေးကြီးသည်မှာ 3pi robot သည် ကလေးများဆော့ကစားဖို့ မဟုတ်ပါ။ ဓာတ်ခဲထည့်ရာတွင် LCD ကို ဖြုတ်ရမည်ဖြစ်ရာ LCD ဖြုတ်ချိန်နှင့် တပ်ချိန်များတွင် စနစ်တကျ လုပ်ရမည်ဖြစ်သည်။


3pi Schematic

Pololu 3pi Robot ၏ တည်ဆောက်ပုံ Schematic




Pololu 3pi ရိုဘော့ ကို ပထမဆုံး စတင်အသုံးပြုနိုင်ရန်အတွက်

၁။ AAA batteries (၄) လုံး (မည်သည့်အမျိုးအစားပင်ဖြစ်စေ) လိုအပ်သည်။ အကယ်၍ rechargeable batteries များကို အသုံးပြုမည်ဆိုပါက battery charger တစ်ခုပါ လိုအပ်မည်ဖြစ်ပြီး ရိုဘော့တွင် ပါရှိသော battery charger port ကို အသုံးပြုရမည်။


၂။ Program နှင့် Code များရေးနိုင်ရန်အတွက် Windows (သို့) Mac (သို့) Linux စသည့် နှစ်သက်ရာ OS အသုံးပြုထားသည့် ကွန်ပျူတာ တစ်လုံးနှင့် ယင်းကွန်ပျူတာနှင့်ချိတ်ဆက်ရန်အတွက် AVR ISP programmer တစ်ခု (သို့) ISP cable တစ်ခု လိုအပ်သည်။

USV AVR Programmer


USV AVR Programmer ၏ ဖွဲ့စည်းပုံ


၃။ ရိုဘော့ ရွေ့လျှားနိုင်ရန်အတွက် ချောမွေ့နေသော အဖြူရောင်မျက်နှာပြင် တစ်ခု (သို့) ကြီးမားကျယ်ပြန့်သော ကဒ်ထူစက္ကူတစ်ခု နှင့် လမ်းကြောင်းများအတွက် ၃/၄ လက်မ ရှိသော လျှပ်စစ်တိတ် အနက်ရောင် လိုအပ်သည်။

၎။ နောက်ထပ်လိုအပ်သည်မှာ ရေးသားထားသော programs များကို compile လုပ်ရန်နှင့် 3pi ရိုဘော့တွင်းသို့ transfer လုပ်ရန်အတွက် software ပင်ဖြစ်သည်။ AVR မှ microcontrollers များအားလုံးအတွက် C/C++ များဖြင့်ရေးသားနိုင်သည့် WinAVR ကို အသုံးပြုနိုင်သည်။ နောက်တစ်ခုမှာ Atmel မှ အခမဲ့ရရှိနိုင်သည့် AVR Studio ကိုလည်း အသုံးပြုနိုင်သည်။ AVR Studio တွင် AVR ISP software ပါဝင်ပြီး ရေးသားထားသော ပရိုဂရမ်များကို 3pi ထဲသို့ upload လုပ်နိုင်သည်။ ထို့အပြင် Arduino IDE နှင့် an external ICSP programmer များကိုလည်း အသုံးပြုနိုင်သည်။ သတိပြုရမည်မှာ ပရိုဂရမ် ကို 3pi တွင်းသို့ upload မလုပ်ခင်မှာ ဘက်ထရီအားရှိနေဖို့လိုအပ်သည်။

ဆက်လက်၍ AVR Programmer Driver အား Installion လုပ်ခြင်း အကြောင်းကို http://slip-meepyatite.blogspot.com/2011/07/installion-avr-programmer-driver.html တွင် လေ့လာနိုင်ပြီး ၊ AVR Studio 4 အသုံးပြုပုံနှင့် Robot တွင်းသို့ Program ထည့်နည်းများကို http://slip-meepyatite.blogspot.com/2011/07/how-to-use-avr-studio-4.html တွင် လေ့လာနိုင်သည်။







လာရောက်လည်ပတ် ဖတ်ရှုသူအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ ဤ စာမျက်နှာမှ စာများကို ကြိုက်နှစ်သက်ပြီး မိတ်ဆွေ (သို့) သူငယ်ချင်းများကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြ မျှဝေသုံးစွဲမည်ဆိုပါက ဤစာမျက်နှာ ၏ လိပ်စာအား ထည့်သွင်း ဖော်ပြပေးပါရန် လေးနက်စွာ အသိပေးအပ်ပါသည်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

ဖျော်ဖြေရေး

   

ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

MATLAB Simulation

MATLAB Simulation

Event Location

Event Location

Microcontroller

Microcontroller

မာတိကာ

Popular Posts

  • နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး သမိုင်းဝင်အဆုံးအဖြတ်ချမှတ် ၊ နေပြည်တော် မဲခေါင်ထိပ်သီးအစည်းအဝေး တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ်များ တက်ရောက်မည် ၊ စတုတ္ထအကြိမ် GMS ထိပ်သီးအစည်းအဝေး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် - 1. နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး သမိုင်းဝင်အဆုံးအဖြတ်ချမှတ် ၊ 2. နေပြည်တော် မဲခေါင်ထိပ်သီးအစည်းအဝေး တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား...
    1 month ago
My Photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Dynamic theory

Dynamic theory

Philosophy

meepyatite.com

Loading...